ကလိန်အောင် အောက်တိုဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူထုအခြေပြုဗဟိုဌာနတွင် အိမ်ဆောက်ဂိမ်းပြိုင်ပွဲကို ယနေ့ မွန်းလွဲ(၂)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ ဒုတိယဦးစီးမှူး (တာဝန်ပေး)ဒေါ်ခင်ခင်လဲ့က ကျောင်းသား၊ ကျောင်းသူများ ကလေးငယ်များ သီတင်းကျွတ် ကျောင်းပိတ်ရက်တွင် အားလပ်သောအချိန်ကို ကျိုးရှိစွာအသုံးချတက်စေရန်၊ ကျောင်းပညာရေးအပြင် ပြင်ပဗဟုသုတများရရှိပြီးစကားအပြောအဆိုနှင့်လူမှုဆက်ဆံရေးများ တိုးတက်ကောင်းမွန်လာစေရန်၊ သူငယ်ချင်းအချင်း ချင်းပူးပေါင်းလုပ်ကိုင်ဆောင်ရွက်တက်စေရန်၊ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိပြီး၊အတွေးအခေါ်အသိအမြင်များ ဖလှယ်တတ်စေရန်၊ စာပေမှ ရရှိသော ဗဟုသုတများဖြင့် လူမှုပတ်ဝန်းကျင်များ၌ အသုံးချတတ်လာစေရန်၊ ဉာဏ်ရည်ဉာဏ် သွေးများထက်မြက်လာစေရန်စသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောပြခဲ့သည်။
ပြိုင်ပွဲတွင် အ-ထ-က၊ ကလိန်အောင်ကျောင်းမှ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ကြပြီး အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်နိုင်သူများကို အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ကြောင်းသိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)