ပေါင်းတည်မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာအုပ်ဖြင့်စာဖတ်ဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်း Book Club အဖွဲ့ဝင်များ၊ စာဖတ်ဝါသနာရှင်များပူးပေါင်း၍ ယမန်နေ့နေ့လည် ၁ နာရီအချိန်က စာရေးဆရာဒေါက်တာသိန်းလွင်ရေးသားထားသည့် "ကလေးကိုချစ်ရင် မခြောက်ပါနဲ့" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများစိစစ်ခြင်းနှင့် မဲရုံအရေအတွက်များလျာထား သတ်မှတ်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာ အုပ်စုများအလိုက် မဲရုံများ လျာထားသတ်မှတ်နိုင်ရေးနှင့် လူဦးရေစာရင်းပါ အချက်အလက်များ ပြင်ဆင်ဖြည့်စွက်ပယ်ဖျက်ခြင်းများဆောင်ရွက်နိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရွှေပြည်သာမြို့နယ်၌ Mobile စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာငှားခြင်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးအနေဖြင့် ပြည်သူများအသိပညာတိုးပွားစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် Online ပုံပြောခြင်းအစီအစဉ်များ၊ စာအုပ်မိတ်ဆက်ခြင်းများ၊ ကဗျာရွတ်ခြင်းများကို online မှတစ်ဆင့်ဆောင်ရွက်ပေးလျက်ရှိပြီး စာအုပ်စာစောင်များပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့်ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများအား mobile စနစ်ဖြင့်စာအုပ်များ သွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ညောင်တုန်းမြို့နယ်တွင် အခြေခံစားသောက်ကုန်များကို သက်သာသောစျေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ မြို့နယ်အတွင်းရှိ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များကို သက်သာသော စျေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်‌ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာန ဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းပြီး ယနေ့ နံနက် ၉ နာရီကအချိန်က ရန်ကင်းစံရာကျေးရွာရှိ ရန်ကင်းအောင်မြင်ကျောင်းတိုက်၌ ရောင်းချပေးခဲ့သည်။

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်တက်ရောက်

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်း အနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မကွေးမြို့နယ်ကြက်ခြေနီအသင်းအဖွဲ့ဝင်များနှင့် ပရဟိတလူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

လွိုင်လင်မြို့၌ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးဆောင်၍ လွိုင်လင်မြို့နှင့်ပင်လုံမြို့ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၁၂)နာရီခွဲ အချိန်က ကွန်ပျူတာတက္ကသိုလ် (ပင်လုံ)တွင်ကျင်းပရာ လွိုင်လင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ကလေးသူငယ်အခွင့်အရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်(Book Club)အသင်းတို့ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးအသိပညာပေး Talk Show ကျင်းပသည်။

ညောင်လေးပင်မြို့၌ စာဖတ်ပရိတ်သတ်လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေး

ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို အောက်တိုဘာလ (၁၃)ရက်နေ့နံနက်ပိုင်းက ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရွှေပြည်သာမြို့နယ် အမှတ် (၁) ရပ်ကွက်၌ ဆန်၊ ဆီ၊ ကြက်ဥများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရွှေပြည်သာမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြည်သူများဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူနိုင်ရန် ဆန်၊ ဆီ၊ ကြက်ဥများကို ရောင်းချပေးလျက်ရှိရာ ယမန်နေ့ နံနက် (၁၀) နာရီအချိန်တွင် ရွှေပြည်သာမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ ပြည်သူများအား ရောင်းချပေးခဲ့ ကြောင်း သိရသည်။
Subscribe to