ပုသိမ်ကြီးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီ အချိန်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကျင်းပ ပြုလုပ်ခဲ့သည်။

နတ်မောက်မြို့ရှိ အထင်ကရဖြစ်သည့်နေရာများအား Documentary  ရိုက်ကူးနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ရှိ အထင်ကရဖြစ်သည့်နေရာများအား Documentary ရိုက်ကူးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် ၂နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်  ကျင်းပခဲ့သည်။

ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲအိုမီခရွန်မျိုးစိတ်သစ် BA.4 နှင့် BA.5 ရောဂါ ကာကွယ်ရေးနည်းလမ်းများ အသိပညာပေးနှိုးဆော်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်မျိုးစိတ်သစ် BA.4 နှင့် BA.5 ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများကို ယနေ့နံနက် (၉) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

လှည်းကူးမြို့နယ်တွင် “ခေါင်းဆောင်မှုအတွေး၏အရေးပါမှု” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှ ရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ ယနေ့ နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာချစ်နိုင် (စိတ်ပညာ) ၏ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ကျင်းပ

၂၀၂၂ခုနှစ် ၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်ကို ယနေ့နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

တပ်ကုန်းမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)ကျေးရွာအား ငွေထုတ်ချေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)ကျေးရွာဖြစ်သော အောင်မြေရိပ်သာကျေးရွာအုပ်စု၊ အောင်မြေရိပ်သာ ကျေးရွာအတွင်းစီမံကိန်းဝင် အသင်းသူ၊ အသင်းသားများကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ၊ စိုက်ပျိုးစီးပွားအသိပညာပေး (KC) စင်တာခန်းမတွင် mobile financial payment စနစ်ဖြင့်

ငါ့သရောက်မြို့တွင် (Mobile Library) စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးမိုးနှင့် ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှါးရမ်းပေးခြင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က လယ်ယာမြေစီမှန်ခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနသို့ သွားရောက်ပြီး ဝန်ထမ်းများအား အခမဲ့ငှါးရမ်းပေးခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့ အလယ်ကုန်းရပ်ကွက် ရတနာလမ်းအား ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့ အလယ်ကုန်းရပ်ကွက် ရတနာလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

­နမ့်စန်တွင် တောင်သူများကို နေကြာမျိုးစေ့နှင့်မြေဩဇာများ ထောက်ပံ့ပေးအပ်၍ နေကြာမျိုးစေ့စိုက်ပျိုးထုတ်လုပ်ခြင်း ကွင်းသရုပ်ပြသ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြိုနယ်တွင် တောင်သူများကို နေကြာမျိုးစေ့၊မြေဩဇာ ထောက်ပံ့ပေးအပ်ခြင်းနှင့် နေကြာမျိုးစေ့စိုက်ပျိုးထုတ်လုပ်ခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည် ၁ နာရီက အမှတ်(၅)ကျေးရွာအုပ်စု၊ အမှတ်(၁၀)ကျေးရွာအနီးရှိ နမ့်စန်စိုက်ကွင်းအတွင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိူးထားသည့် နေကြာမျိုးစေ့ထုတ် ဧက(၅၀) စိုက်ခင်းရှေ့တွင် ကျင်းပခဲ့သည်။

နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးကျင်းပ

နေပြည်တော် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးကို ယနေ့နံနက် (၉) နာရီက ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to