ဒဂုံဆိပ်ကမ်း အောက်တိုဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကလေးငယ်များအနေဖြင့် ကူးစက်ရောဂါတို့မှကင်းဝေးစေရန်၊ ကျန်းမာသန်စွမ်းစေရန်၊ လိုအပ်သောအာဟာရများကို ရရှိစေရန်အတွက် မွေးကင်းစမှအသက်(၁)နှစ်ခွဲထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို အပတ်စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီက မြို့နယ်ပြည်သူ့ဆေးရုံနှင့် (၉၃)ဒေသန္တရ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက မွေးကင်းစမှ အသက်(၁)နှစ်ခွဲထိ ကလေးငယ်များအား ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါဘီရောဂါနှင့် ဦးနှောက်အမြှေးရောင်ရောဂါ၊ ပိုလိုယိုရောဂါများကို ကာကွယ်နိုင်ရန်အတွက် လအလိုက် ထိုးနှံရမည့်ကာကွယ်ဆေးများကို ထိုးနှံခြင်း/တိုက်ကျွေးခြင်း၊ ကလေးငယ်များအနေဖြင့် အာဟာရရှိရေးအတွက် မိခင်များအနေဖြင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပညာပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ကိုယ်ဝန်စောင့်ရှောက်မှုပေးခြင်းတို့ကို အပတ်စဉ် ကြာသာပတေးနေ့တို့တွင် ထိုးနှံပေးလျက်ရှိကြောင်းသိရှိရသည်။
အေးမဥ္ဇူ(ပြန်/ဆက်)