ဖျာပုံမြို့၌မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်၊ ဖျာပုံခရိုင်ဘဏ်ခွဲ၏ ဘဏ်လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးနှင့် ကြွေးကျန်ကောက်ခံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဖျာပုံခရိုင်ဘဏ်ခွဲ၏ ဘဏ်လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးနှင့် ကြွေးကျန်ကောက်ခံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေး ခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ဖျာပုံခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေး အသိပညာပေးကွင်းဆင်းဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရေးအတွက် အသိပညာပေးဆွေးနွေးပွဲများကိုကျင်းပလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ထူးကုန်းကျေးရွာတွင် ကွင်းဆင်း၍ ဒေသခံတောင်သူများထံအရောက် အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များတွင် စိုက်ပျိုးခဲ့သည့် အပင်များ ပြုစုပျိုးထောင်ထားမှုကြောင့် ရှင်သန်ကြီးထွားနေမှုအခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်သစ်တောဦးစီးဌာနမှ ဦးဆောင်ကျင်းပခဲ့သည့် ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးရာသီအကြို သစ်ပင် စိုက်ပျိုးပွဲနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ များတွင် မြစ်ကြီးနားမြို့ရှိ နည်းပညာတက္ကသိုလ်နှင့် မြစ်ကြီးနား တက္ကသိုလ်တို့တွင် စိုက်ပျိုးထားခဲ့သည့် အရိပ်ရသစ်ပင်များကို ရှင်သန်အောင်မြင် စေရေး ပြုစုပျိုးထောင်ထားရှိခဲ့ရာ ယမန်နေ့ နံနက် ၁၁ နာရီက သစ်ပင်များရှင်သန် အောင်မြင်ဖြစ်ထွန်းနေမှုကို လိုက်လံကြည့်ရှုစစ်ဆေးကြသည်။

မိုင်းကိုင်မြို့နယ်အတွင်း လျာထားမဲရုံတည်နေရာများအား ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း   ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်မည့် မဲရုံတည်နေရာများအား  လျာထားသတ်မှတ်နိုင်ရေး   ယနေ့မနက်ပိုင်းတွင်  လွိုင်လင်ခရိုင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်  ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများက  မြေပြင်အထိကွင်းဆင်း  ကြည့်ရှုမှုများ ဆောင်ရွက်ခဲ့ကြသည်။

နမ့်စန်တွင် (၅၆) ကြိမ်မြောက် မြို့နယ်လုံးကျွတ်ဆွမ်းဆန်စိမ်းစုပေါင်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၅၆)ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်း စုပေါင်းလောင်းလှူပွဲကြီးကို ယမန်နေ့ နေ့လည် ၁ နာရီက အမှတ်(၄)ရပ်ကွက် မြို့မအခြေခံပညာအထက်တန်းကျောင်း ရှေ့မှတဆင့် မြို့တွင်းပြည်ထောင်စု လမ်းမကြီးတစ်လျှောက် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ပုသိမ်မြို့အား Clean City ဖြစ်လာစေရေး ရပ်ကွက်နှင့် ကျေးရွာများပါ ပူးပေါင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အား Clean City ဖြစ်လာစေရေး ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ဦးဆောင်မှုဖြင့် ပြည်သူများစုပေါင်းကာ မြို့ပေါ်ရှိ ဝန်ထမ်းအိမ်ရာ ဝန်းများအတွင်းတွင် လည်းကောင်း၊ မြို့ပေါ်ရပ်ကွက် ၁၅ ခုနှင့် အဝေးပြေးလမ်းမကြီးများ ဝဲ/ယာ တလျှောက် စုပေါင်းသန့်ရှင်းရေးကို ယနေ့ နံနက် ၇ နာရီခွဲအချိန်တွင် ပြုလုပ်ခဲ့ကြသည်။

တန့်ယန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင် တန့်ယန်းမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပခဲ့သည်။

လပွတ္တာမြို့နယ်တွင် မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မီးသတ်ဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါးရေးနေ့ အထိမ်းအမှတ်အဖြစ် လပွတ္တာမြို့နယ်၊ ဇင်ရွဲလေးကျေးရွာရှိ ဆိုက်ကလုန်းရှယ်တာတွင် မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီက ကျင်းပခဲ့ ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်

၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဟားခါးမြို့၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက် အမှာစကား ပြောကြားသည်။

ဟိုပန်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း) ဖူဆယ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖလားအမျိုးသား(အလွတ်တန်း) ဖူဆယ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ညနေ(၄)နာရီ က ဟိုပန်မြို့၊ A-21 ဖူဆယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to