မိုးမောက် အောက်တိုဘာ ၁၃
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာန တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မြို့နယ်သမဝါယမလုပ်ငန်းဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို အောက်တိုဘာလ ၁၃ ရက် နံနက် ၁၀ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လွန်းနန်းထွေးက ဆွေးနွေးပွဲဆောင်ရွက်ရခြင်းအ ကြောင်းပြောကြားပြီး နိုင်ငံ့စီးပွားမြှင့်တင်
ရေးစီမံကိန်းတွင် သမဝါယမဦးစီးဌာန၏ ပါ၀င်သော အခန်းကဏ္ဍလုပ်ငန်းဆောင်ရွက်မှုများ၊ သမဝါယမဦးစီးဌာနမှ အခြေခံလူတန်းစားများအတွက် စား၀တ်နေရေးပြေလည်စေရန် ချေးငွေများ ထုတ်ချေးမှုဆိုင်ရာလုပ်ငန်းများ၊ စျေးသမ၊ ဌာနဆိုင်ရာ၀န်ထမ်းများအတွက် သမအသင်းများ ဖွဲ့စည်းဆောင်ရွက်နေမှု အခြေအနေများကို မေးမြန်းရာ မြို့နယ်သမဝါယမ ဦးစီးဌာနမှ မြို့နယ် ဦးစီးအရာရှိ ဦးစိုင်းစီထွန်းက အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်းသိရသည်။
လွန်းနန်းထွေး