ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ကဝ အောက်တိုဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက ကျင်းပဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်သန်းသန်းဝင်းက မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း၊ မူးယစ်ဆေးအမျိုးအစားများ၊ မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းရင်းများ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအကြောင်းစသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့သည်။

ထို့နောက် လူကုန်ကူးမှုနှင့်ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် ယခုလအသစ်ရောက်ရှိလာသော သုတ၊ ရသစာအုပ်များအား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရှုခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)