ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် စာရေးဆရာအသင်းနှင့် စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီဝင်များဆွေးနွေးပွဲကျင်းပ

ဒဂုံအရှေ့ အောက်တိုဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်စာရေးအသင်းနှင့် စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်စာရေးဆရာအသင်းနှင့် မြို့နယ်စာကြည့်တိုက်ကြီးကြပ်းရေးကော်မတီဥက္ကဋ္ဌဦးလှဆန်းက စာရေးဆရာအသင်းရှိလက်ရှိဆောင်ရွက်နေသော စာပေကိစ္စရပ်များစာပေရေးသားမှုအဖြစ် စိုက်ပျိုးရေးစာအုပ်ပြုစုနေကြောင်းနှင့် အသင်း၏ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းတာဝန်များ၊ မြို့နယ်အတွင်းရှိစာကြည့်တိုက်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးပြောကြား၍ မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဝင်းအိမွန်က မြို့နယ်အတွင်းရှိရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များကွင်းဆင်းဆောင်ရွက်မှုနှင့် ဆောင်ရွက်ပေးနေမှုများမကြာမီအချိန်က ဘုန်းတော်ကြီးသင်ကျောင်းစာကြည့်တိုက်ဖွင့်လှစ်နိုင်ရေး ပူးပေါင်းဆောင်ရွက်မှု ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးရှေ့ဆက်ဆောင်ရွက်မည့် အကြောင်းအရာများအား ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ဆွေးနွေးပွဲသို့ တက်ရောက်လာသော မြို့နယ်စာရေးဆရာအသင်းအတွင်းရေးမှူး၊ အဖွဲ့ဝင်များ၊ ရပ်ကွက်စာကြည့်တိုက်မှူးများက မိမိတို့မြို့နယ်အတွင်းရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်အခြေအနေတို့အား အသီးသီးဆွေးနွေးခဲ့ကြပြီး နောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသောသုတ၊ ရသစာအုပ်စာစောင်များ၊ ကိုဗစ်-၁၉ ရောဂါအသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်တို့အား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)