တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌  ၂၀၂၂-ခုနှစ် အပြည် ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ၂၀၂၂-ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်း အမှတ်အဖြစ်  အသိပညာပေးဆွေးနွေးပွဲ (Talk Show) အား ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဌာနမှ လက်ထောက်ဌာနမှူး ဒေါက်တာရွှေဘော်၊ ဌာနခွဲမှူး ဒေါက်တာအောင်ကိုဦးတို့ ဦးဆောင်သော ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နှင့် မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးအဖွဲ့များက ယနေ့ နံနက် (၉) နာရီအချိန်က လှော်ကားရေလှောင်ကန်အတွင်းရှိ ဝန်ထမ်းများနှင့် မိသားစုဝင်တို့ကို ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ်အတွင်း အဓိကလမ်းမကြီးများ၊ လမ်းဆုံမီးပွိုင့်များနှင့်ဘတ်စ်ကားမှတ်တိုင်များတွင်  လှည့်ရှင်းဆောင်ရွက်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးအနေဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ စီမံကြီးကြပ်မှုဖြင့် ပုဇွန်တောင်မြို့နယ်သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးအပြင် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက်များနှင့်အညီ နေထိုင်သွားလာရေးအတွက် စည်ပင်သာယာဝန်ထမ်းများက အဖွဲ့များခွဲကာ အသိပညာပေးခြင်းလုပ်ငန်းများကို နေ့စဉ်အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။

ကွမ်းလုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် Mask Campaign နှင့် အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်(၇)နာရီအချိန်က ကွမ်းလုံ-ချင်းရွှေဟော်ပြည်ထောင်စုလမ်းမပေါ်နှင့် ကွမ်းလုံမြို့မဈေးအတွင်းတွင် အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်း Mask အခု (၁၅၀၀)အား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

စစ်ကိုင်းခရိုင် ပြန်/ဆက်ဦးစီးဌာနတွင် ရေချိုသယံဇာတကဏ္ဍ၏ အရေးပါပုံအသိပညာပေး Talk Show ကျင်းပ

စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ “ရေချိုသယံဇာတကဏ္ဍ၏အရေးပါပုံ” အသိပညာပေး Talk Show ကျင်းပခြင်းကို အောက်တိုဘာ(၁၃)ရက်၊ နံနက်ပိုင်းက စစ်ကိုင်းခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

တံတားဦးခရိုင်တွင် ဆီထွက်သီးနှံတစ်ခုဖြစ်သော နေကြာ(၃၅၇၉၅)ဧက စိုက်ပျိုးရန်လျာထားပြီး (၃၂၇၅)ဧကစိုက်ပျိုးပြီးဖြစ်

တံတားဦးခရိုင်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၌ ဆီထွက်သီးနှံတစ်ခုသော မိုးနေကြာစိုက်ပျိုးရန် (၃၅၇၉၅)ဧကလျာထားပြီး (၃၂၇၅)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း တံတားဦးခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရသည်။

ဂန့်ဂေါမြို့၌ Mask Campaign လှုပ်ရှားမှုအရှိန်အဟုန်မြှင့်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ကိုဗစ်-၁၉ရောဂါ အသိပညာပေးနှိုးဆော်ခြင်းများနှင့် Mask Campaign လှုပ်ရှားမှု အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းများကို ယနေ့နံနက်ပိုင်းက ဗိုလ်ချုပ်လမ်းနှင့် ဆေးရုံလမ်းစုံနေရာတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် သင်တောင်းကျေးရွာတွင် သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေး ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် လိုအပ်သည့်လုပ်ငန်းများအား ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ သင်တောင်းကျေးရွာတွင် သောက်သုံး ရေများ ဖူလုံစွာသုံးစွဲနိုင်ရေး ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရာ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။

ခရမ်းမြို့နယ်၌ ၂၀၂၂ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေများ စတင်ထုတ်ချေး

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းမှ တောင်သူများအတွက် ၂၀၂၂ ခုနှစ် ဆောင်းရာသီစိုက်ပျိုးစရိတ် ချေးငွေများကို အောက်တိုဘာ ၁၁ ရက် နေ့နံနက် ၈ နာရီမှစ၍ ခရမ်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌စတင်၍ ထုတ်ချေးပေးလျက် ရှိကြောင်း သိရသည်။
Subscribe to