တောင်ငူ အောက်တိုဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ မြန်မာ့မီးရထား(တောင်ငူဘူတာ)၌ မန္တလေး-ရန်ကုန် အမှတ်(၂) အစုန်စာပို့ရထားပေါ်ရှိ ခရီးသွားပြည်သူများအား ယနေ့နံနက်ပိုင်းတွင် မြန်မာ့မီးရထား(တောင်ငူ) ရုံပိုင်ကြီးနှင့်ဝန်ထမ်းများက ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ ဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြန်မာ့မီးရထား(တောင်ငူ)ရုံပိုင်ကြီးက ခရီးသွားပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရန် ကျန်းမာရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာနေရာအလိုက် ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်ပြောကြားပြီး ခရီးသွားပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း(Mask) ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်