သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ်လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ လှူဒါန်းပေးအပ်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာရေးဌာနတို့ ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ် စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်နှင့် နိုင်ငံတော်ကိုအကျိုးပြုမည့် လူငယ်လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်၍လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ လှုဒါန်းပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းဧရာဝတီခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်လတ် အမက(၃)၌ လူကုန်ကူးမှုအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန် မြင့်မားရေးနှင့် အသိပညာဗဟုသုတ များ တိုးပွားစေရန် ရည်ရွယ်၍ ယနေ့ နေ့လယ် (၁)နာရီခွဲက ကျိုက်လတ်မြို့နယ် အမှတ် (၃) အခြေခံပညာ မူလတန်းကျောင်းတွင် လူကုန် ကူးမှုအကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

မြောင်းမြမြို့၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် Mobile Library Bus ဖြင့် ဌာနဆိုင်ရာများနှင့် ကျေးရွာများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနမှ ဝန်ထမ်းများက စာကြည့်တိုက် သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ် စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် (Mobile Library Bus) ဖြင့် ယမန်နေ့ နံနက်က မီးသတ်ဦးစီးဌာန၊ ကုမုဒြာစာကြည့်တိုက်နှင့် အ.မ.က (ကြာဖူးငုံ) သို့ သုတရသ စာအုပ်စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့ကြသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အခြေခံပညာကျောင်းအဆင့်  လူရည်ချွန်‌ရွေးချယ်ရေး စာမေးပွဲများကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အနာဂတ်ကျောင်းသားကျောင်းသူ လူကောင်းလူတော်များ၊ လူရည်ချွန်များပေါ်ထွန်းလာစေရန် အခြေခံပညာဦးစီးဌာန၊ အခြေခံပညာအထက်တန်းကျောင်း(၅)ကျောင်းနှင့် အမှတ်(၃)အလယ်တန်း‌ကျောင်းတို့တွင် ယနေ့နံနက် ၉ နာရီက ကျောင်းအဆင့် လူရည်ချွန်‌ရွေးချယ်ရေး စာမေးပွဲများကျင်းပခဲ့ရာ ကျောင်းသား/သူများ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

ကံဦးကျေးရွာအုပ်စု၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံဖြိုးရေး အတွက် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊‌ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ပြည်သူလူထု‌တွေ့ဆုံပွဲကို ယနေ့ နေ့လယ်ပိုင်းက ကံဦးကျေးရွာအုပ်စု၊‌ ဇေယျကွက်သစ်ကျေးရွာ၊ ဇေယျသုခဘုန်းကြီးကျောင်း တွင် ပြုလုပ်ခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့သော ဘေးသင့်ပြည်သူအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကြက်လျှာကျေးရွာအုပ်စု၊ ပေါင်တစ်ချောင်းကျေးရွာ၌ အောက်တိုဘာ ၂၄ ရက်နေ့ နေလယ် ၂ နရီ ၂၀ အချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးမှုအား ကယ်ဆယ်‌ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းလုပ်ငန်းကို ယနေ့ နံနက် (၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ဆောင်ရွက်သည်။

ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမ၊ ဒုတိယ၊ တတိယနှင့် စတုတ္တအကြိမ် မထိုးနှံရသေးသည့် ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေး ပထမ၊ ဒုတိယ၊ တတိယနှင့် စတုတ္ထအကြိမ်မြောက် ဆေးမထိုးနှံရသေးသည့် ပြည်သူများအား ယနေ့ နံနက်ပိုင်းက ကျန်းမာရေးဌာနမှဝန်ထမ်းများက ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် အဆိုပါ ကာကွယ်ဆေးများအား ထိုးနှံပေးလျက်ရှိသည်။

မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ခုနှစ် ဆောင်းနေကြာစိုက်ပျိုးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ခုနှစ်တွင် ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်ပျိုးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

နောင်တရားမြို့ စန္တားခမ်းဘက်စုံဖွံ့ဖြိုးရေးကွင်း၌ (၁/၂၀၂၂) ဘောလုံးဒိုင်သင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ စန္တားခမ်းဘက်စုံဖွံ့ဖြိုးရေးကွင်း၌ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် စန္တားခမ်းဒေသပအိုဝ်းအမျိုးသား ဘောလုံးကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သော ဘောလုံးဒိုင်(၁/၂၀၂၂) သင်တန်းဆင့်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ကျင်းပသည်။
Subscribe to