မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ခုနှစ် ဆောင်းနေကြာစိုက်ပျိုးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

အထက်မင်းလှ အောက်တိုဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ခုနှစ်တွင် ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်ပျိုးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်ပျိုးရာ၌ လျာထားဧကများတွင် အောင်မြင်စွာစိုက်ပျိုးနိုင်ရေးအတွက်ဌာန ဆိုင်ရာများအား တိုက်နယ်အလိုက်တာဝန်‌ပေးထားပြီးဖြစ်၍ သက်ဆိုင်ရာနယ်မြေအလိုက် ကွင်းဆင်းဆောင်ရွက်ရန်၊ ဆီထွက်သီးနှံဆောင်းနေကြာစိုက်ပျိုးရာတွင် လျာထားဧကများတွင် အောင်မြင်စွာစိုက်ပျိုး‌နိုင်ရေး ဌာနဆိုင်ရာများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြော ကြားခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးသန်းညွန့်မောင်က ဆောင်းနေကြာစိုက်ပျိုးမည့်အခြေအနေများနှင့် ဌာနဆိုင်ရာများနှင့် တိုက်နယ်အလိုက်ကွင်းဆင်း ဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် အစည်းအဝေးတက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ဆောင်းနေကြာစိုက်ပျိုးနိုင်ရေးအတွက် ကျေးရွာများသို့ကွင်းဆင်းဆောင်ရွက် မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့သည်။ မင်းလှမြို့နယ်၌ကျေးရွာအုပ်စု ၆၃အုပ်စုရှိရာ ဆီထွက်သီးနှံဆောင်းနေကြာ ၆၀၀၂ဧက စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)