ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကော့ထော်ကျေးရွာအုပ်စု၊ အိမ်တိုင်ကုန်းကျေးရွာတွင် ဆန်၊ ဆီ၊ ကြက်ဥများကို သက်သာသောဈေးနှုန်းဖြင့်   ဆက်လက်ရောင်းချပေး

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏စီစဉ်လမ်းညွှန်မှုဖြင့် ရပ်ကွက်၊ ကျေးရွာနေ ဒေသခံပြည်သူများ စားသောက်ရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ သက်သာသော ဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်က ဘားအံ မြို့နယ်၊ ကော့ထော် ကျေးရွာအုပ်စု၊ အိမ်တိုင်ကုန်းကျေးရွာတွင် ရောင်းချပေးခဲ့ကြောင်းသိရသည်။

လောင်းလုံးမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာနတွင် ပုံစံ ၆၆/၆ အိမ်ထောင်စုလူဦးရေစာရင်းနှင့်ပတ်သက်၍ မိဘပြည်သူများသို့ထုတ်ပြန်ချက်အား အသိပညာပေး Talk Show ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်(လဝက)ဌာနတို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community centre) တွင် ယနေ့နံနက်(၁၀)နာရီအချိန်က ပုံစံ(၆၆/၆)အိမ်ထောင်စုလူဦးရေစာရင်းနှင့်ပတ်သက်၍ မိဘပြည်သူများသို့ ထုတ်ပြန်ချက်အသိပညာပေး Talk Show ကို ကျင်းပဆောင်ရွက်ခဲ့ပါသည်။

ပိုင်ကျုံမြို့၌ အသက်နှစ်နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံမည်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကျေးလက်ကျန်းမာရေးဌာနတွင် အသက် ၂  နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များတို့အား ကျန်းမာသန်စွမ်းပြီး ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများကို အောက်တိုဘာလ ၂၈ ရက်နေ့တွင် စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေး ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား လှည်းကူးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက် (၉)နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

လှည်းကူးမြို့နယ်တွင် မီးလောင်ကျွမ်းမှုမဖြစ်ပွားစေရေး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးလောင်ကျွမ်းမှုမဖြစ်ပေါ်စေရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းကို ယမန်နေ့ညပိုင်းကရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့်လိုက်လံအသိပညာပေးကြေညာခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျောရောဂါကာကွယ်ဆေးနှင့် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် အသက်(၉)လမှ(၅)နှစ်အထိ ကလေးများငယ်များအား ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အသက်(၄)လမှ(၂)နှစ်အထိကလေးငယ်များအား ဝမ်းပျက်ဝမ်းလျောရောဂါကာကွယ်ဆေးများထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၀န်ထမ်းများက ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၉)နာရီက လှည်းကူးမြို့၊ သာသနာ့ရိပ်သာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ထိုးနှံပေးလျက်ရှိသည်။

ညောင်ဦး၊ ကျောက်ပန်းတောင်းမြို့နယ်ထွက် ပေါ်ဦးပေါ်ဖျား ထန်းပင်မြစ်များ ရောင်းအားကောင်းနေ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ညောင်ဦးမြို့နယ်ရှိ ကျေးလက်တောင်သူများ ပျိုးထောင်ရောင်းချသည့် ပေါ်ဦးပေါ်ဖျား ထန်းပင်မြစ်များ ရောင်းအားကောင်းပြီး ဈေးကောင်းရရှိနေကြောင်း ကျောက်ပန်းတောင်းမြို့နယ် အင်တောကျယ်ကျေးရွာ ထန်းပင်မြစ် ပျိုးထောင်ရောင်းချနေသည့် ဦးနိုင်ဦးထံက သိရသည်။

သံတောင်ကြီးဒေသထွက် မျှစ်ခြောက်များဝယ်လိုအားကောင်း

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့သည် တော်ပေါ်မြို့ဖြစ်သည့် အားလျော်စွာသစ်၊ ဝါးများသဘာဝအတိုင်းပေါက်ရောက်ကြသည်။ မိုးတွင်းအချိန်တွင် သဘာဝအတိုင်းအလေ့အထပေါက်သည့် မျှစ်များကိုတစ်နှစ်တာပတ်လုံးအတွက်စားသုံးနိုင်ရန်မျှစ်ခြောက်များပြု လုပ်ကြသည်။ယခုအချိန်တွင်မျှစ်စိုများရှားပါးလာပြီဖြစ်သည့်အတွက်မျှစ်ခြောက်များဝယ်လိုအားကောင်းကြောင်းသိရသည်။

တံတားဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပြည်သူများသို့ အသိပေးထုတ်ပြန်ချက်များ ပြည်သူများသိရှိနိုင်ရေး ရက်တိုးမြှင့်ဆောင်ရွက်

တံတားဦးခရိုင် တံတားဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးတင်စိုး ဦးဆောင်ပြီး ဝန်ထမ်းများက ယနေ့နက်ပိုင်းက မြို့မဈေး၌ လမ်းသွားလမ်းလာများနှင့် ဈေးရောင်းဈေးဝယ်များအား နိုင်ငံရေးစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေသာရင်းပုံစံ ၆၆/၆ (အထစ)နှင့်ပတ်သက်၍ အခက်အခဲများရှိပါက သက်ဆိုင်ရာမြို့နယ်လဝကရုံးသို့ သွားရောက်နိုင်ပါကြောင်း မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်များအား ရက်တိုးမြှင့်ထပ်မံကြေညာကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားရေးအသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်စာရေးဆရာအသင်းတို့မှပူးပေါင်း၍ မျိုးဆက်သစ်လူငယ်များ စာဖတ်ရှိန်မြင့်မားလာစေရန်ရည်ရွယ်၍ အ.လ.ကကိုင်းကြီးကျောင်းအစည်းအဝေးခန်းမ၌ ယမန်နေ့နံက်ပိုင်းက စာပေဟောပြောခဲ့ကြောင်းသိရသည်။
Subscribe to