ကျိုက်လတ် အမက(၃)၌ လူကုန်ကူးမှုအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲပြုလုပ်

ကျိုက်လတ် အောက်တိုဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန် မြင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ယနေ့ နေ့လယ် (၁)နာရီခွဲက ကျိုက်လတ်မြို့နယ် အမှတ် (၃) အခြေခံပညာ မူလတန်းကျောင်းတွင် လူကုန်ကူးမှုအကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က လူကုန်ကူးမှုဖြစ်ပွားရခြင်း အကြောင်းရင်းများ၊ လူသည် ရောင်းကုန်ပစ္စည်း မဟုတ် ကြောင်း၊ လူကုန်ကူးမှုပုံစံ အမျိုးမျိုးအကြောင်း၊ မြန်မာနိုင်ငံနှင့် လူကုန်ကူးမှုပြဿနာများ အကြောင်းနှင့် မြန်မာနိုင်ငံရှိ နေ့ထူးနေ့မြတ်များအကြောင်း၊ စာပေဖတ်ရှုလေ့လာသင့်သည့် အကြောင်းတို့ကို ဟောပြော ခဲ့သည်။ ထို့နောက် လူကုန်ကူးမှုနှင့် သက်ဆိုင်သည့် အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ အဆိုပါ လူကုန်ကူးမှုအကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲသို့ အမက(၃)မှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၇၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရီရီမြင့်