အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းယောင်း၌ မီးဘေးလုံခြုံရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်း၌ မီးဘေးလုံခြုံရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

သာပေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပြည်သူများနှင့် ကျောင်းပြင်ပ ကျောင်းသားများ ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးနှံ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယမန်နေ့ အောက်တိုဘာလ ၂၆ ရက်နေ့က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပြည်သူများ၊ ကျောင်းပြင်ပ ကျောင်းသားများနှင့် ဝန်ထမ်းများ 1st booster myancopharm၊ 2nd booster myancopharm၊ 1st booster sinopharm၊ 2nd booster sinopharm(၃၅၈)ဦးထိုးနှံကြသည်။

ချမ်းအေးသာစံမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်သည့် အလေ့အကျင့်များ ပိုမိုတိုးတက်စေရန် ရည်ရွယ်၍ ပုံပြောပြိုင်ပွဲကျင်းပ

 စာဖတ်သည့် အလေ့အကျင့်များ ပိုမိုတိုးတက်စေရန် ရည်ရွယ်၍ ပုံပြောပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်က မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

နမ့်ကုတ်ကျေးရွာ၌ ရိုးရာဓလေ့ဆင်ဆွဲပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်ပြင်ဆင်နေ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့၊ ကျေးလက်ဒေသရှိ ဒေသခံရှမ်းတိုင်းရင်းသားတို့သည် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက် လာစေရေး၊ ဆန်ရေစပါး၊ ကောက်ပဲသီးနှံ၊ စီးပွားရေးလာဘ်လာဘ တိုးတက်ကောင်းမွန်စေရန်နှင့် သဘာဝဘေးကပ်ဆိုးများ ဆိုက်ကပ်မှုမရှိစေရန်အတွက် ရည်စူး၍ တစ်နှစ်လျှင် တစ်ရွာစီဖြင့် ကျင်းပပြုလုပ်လေ့ရှိသည့် ရိုးရာဓလေ့ ဆင်ဆွဲပွဲတော်ကို နိုဝင်ဘာ ၁ ရက်နေ့တွင် ဝမ်တာကြန့်ကျေးရွာအုပ်စု၊ နမ့်ကုတ်ကျေးရွာရှိ ဘုန်ကြီးကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ဒေးဒရဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးTalk Show ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေး Talk Showကို အောက်တိုဘာလ ၂၅ ရက်နေ့ ညနေ ၃ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မအူပင်မြို့နယ်၊ တာကောက်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ တာကောက်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်မဲမြို့ပြင် Oriental Highway တိုးဂိတ်အနီး မန္တလေး-လာရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန် ကွင်းဆင်းစစ်ဆေး အသိပညာပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ပြင် Oriental Highway တိုးဂိတ်အနီး မန္တလေး - လားရှိုး ပြည်ထောင်စုလမ်းမကြီးတွင် ကျောက်မဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ခရိုင်ရဲမှူး ဒုတိယရဲမှူးကြီး နိုင်ထွန်းသူနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွှန့်‌ရွှေတို့၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်မှစ၍ မော်တော်ယာဉ်များ မောင်းနှင်သူနှင့် လိုက်ပါစီးနင်းသူများ အသက်ကယ် ထိုင်ခုံခါးပတ် ဝတ်ဆင်မောင်းနှင်ရေး ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်နံံရကပ်စာစောင်ပြသ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်များကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က မြို့နယ်ပြန်/ဆက်ရုံးရှေ့ မြေစိုက်ဘုတ်၌ နံရံကပ်စာစောင်များပြသထားရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် တံတားလည်ကျေးရွာတွင် စိုက်ပျိုးထားသော ရုံးပတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်မြို့နယ်တွင် ဆည်၊မြောင်း၊ချောင်း၊ကန်၊ ပေါများသဖြင့် ဆန်စပါးကို အဓိကထားစိုက်ပျိုးကြသော်လည်း ယာမြေနှင့် ကိုင်းကျွန်းမြေများတွင် ဥယျာဉ်ခြံနှင့် နေ့စဉ်ဝင်ငွေ ရရှိသည့်ကာလတို သီးနှံများစိုက်ပျိုးပြီး အသက်မွေးဝမ် းကျောင်းပြုလျက်ရှိရာ တံတားလည်ကျေးရွာတွင် စိုက်ပျိုးထားသော ရုံးပတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Subscribe to