ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အခြေခံပညာကျောင်းအဆင့်  လူရည်ချွန်‌ရွေးချယ်ရေး စာမေးပွဲများကျင်းပ

ဒဂုံမြောက် အောက်တိုဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အနာဂတ်ကျောင်းသားကျောင်းသူ လူကောင်းလူတော်များ၊ လူရည်ချွန်များပေါ်ထွန်းလာစေရန် အခြေခံပညာဦးစီးဌာန အခြေခံပညာအထက်တန်းကျောင်း(၅)ကျောင်းနှင့် အမှတ်(၃)အလယ်တန်း‌ကျောင်းတို့တွင် ယနေ့နံနက် ၉ နာရီက ကျောင်းအဆင့် လူရည်ချွန်‌ရွေးချယ်ရေး စာမေးပွဲများကျင်းပခဲ့ရာ ကျောင်းသား/သူများ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကျောင်းအဆင့် လူရည်ချွန်‌ရွေးချယ်‌ရေး စာမေးပွဲသို့ Grade 9 ၊ Grade 10၊ Grade  11 တို့မှ ကျောင်းသား၊ ကျောင်းသူ ‌(၃၀)ဦးစီ ဝင်ရောက်ဖြေဆိုခဲ့ကြပြီး အခြေခံပညာကျောင်းအဆင့် အောင်မြင်သူများအား မြို့နယ်အဆင့်စာမေးပွဲများကို နိုဝင်ဘာလအတွင်း ဆက်လက်ဖြေဆို သွားကြ ရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရရှိသည်။

မြင့်မြင့်ရီ