လိပ်သိုမြို့၌ မိသားစု တစ်ပိုင်တစ်နိုင် ဝက်မွေးမြူရေးလုပ်ကိုင်သူများ အဆင်ပြေ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများပြီး ဒေသခံပြည်သူများသည် ဥယျာဉ်ခြံသီးနှံများကို အဓိကစိုက်ပျိုး လုပ်ကိုင်လျက်ရှိကြသော်လည်း မိသားစုတစ်ပိုင်တစ်နိုင် ဝက်မွေးမြူသူများ ဝက်ပြန်လည် ရောင်းချရာတွင်​ ဈေးကောင်းရ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဆေးဖက်ဝင်သည့် ဇီးဖြူသီးများရောင်းအားကောင်းလျက်ရှိ

မန္တလေးမြို့ ဈေးချိုတော်ကိုင်းတန်းဈေးတွင် ဆေးဖက်ဝင်သည့်ဇီးဖြူသီးများ ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။

ပုလောမြို့နယ် ပြန်/ဆက်ဝန်ထမ်းများက နယ်လှည့်ကွင်းဆင်း၍ သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေး

သုတ/ရသ စာအုပ်စာစောင်များကို လေ့လာဖတ်ရှုချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပုလောမြို့နယ်ပြည်သူ့စာကြည့်တိုက်ကို လာရောက်ငှားရမ်းဖတ်ရှုနိုင်ခြင်း မရှိသည့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုများ အဆင်ပြေစွာဖြင့် စာပေကိုလေ့လာဖတ်ရှုနိုင်ရေးနှင့် စာဖတ်ရှိန် တိုးတက်လာစေရေးကို မျှော်တွေး၍ ယမန်နေ့နံနက် ၉ နာရီခွဲက ဌာနဆိုင်ရာရုံးများနှင့်ဝန်ထမ်း မိသားစုများကို သွားရောက်၍ သုတ/ရသစာအုပ် စာစောင်များကို နယ်လှည့် ကွင်းဆင်း၍ ကွင်းဆင်း ငှားရမ်းဆောင်ရွက်ပေးခဲ့သည်။

စဉ့်ကိုင်မြို့နယ်တွင် မျောက်ကျောက်ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ မျောက်ကျောက်ရောဂါနှင့် ပတ်သက်သည့် အသိပညာပေး နှိုးဆော်ခြင်းများကို  ယနေ့နံနက်(၉) နာရီက မြို့သာကုန်းကျေးရွာအတွင်းရှိ လမ်းဆုံနေရာများတွင် အသံချဲ့စက်ဖြင့် လိုက်လံအသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။      

ပြင်ဦးလွင်ခရိုင် Community Centre တွင် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေသင်တန်းဖွင့်လှစ်

ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်အတွင်းရှိ ဝန်ထမ်းများအား  ရုံးလုပ်ငန်းများ လုပ်ဆောင်ရာတွင် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ နားလည်တတ်ကျွမ်းစေရန် ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့၌ အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကျင်းပ

မြင်းခြံခရိုင်၊ မြင်းခြံမြို့ အ.ထ.က(၃)၌ အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ကရသူရိမြို့တွင်  အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့တွင် ပြည်သူများအား အိုမီခရွန် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၉နာရီက အမှတ်(၁)ရပ်ကွက်တွင် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ကရသူရိမြို့တွင် ‌ရော်ဘာဈေး ကောင်းမွန်၍ ရော်ဘာအစေးပြား ရောင်းသူများပြားနေ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့တွင် နှစ်ရှည်အစေးထွက်အပင်ဖြစ်သည့်‌ ရော်ဘာ‌ဈေး ယခင်နှစ်ထက် ဈေးကောင်းရရှိ၍ ခြံပိုင်ရှင်များ‌ ရော်ဘာအစေးပြား‌‌ရောင်းသူ များပြားနေကြောင်း သိရသည်။
Subscribe to