ကံဦးကျေးရွာအုပ်စု၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံဖြိုးရေး အတွက် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး

အင်္ဂပူ အောက်တိုဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊‌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ပြည်သူလူထု‌တွေ့ဆုံပွဲကို ယနေ့ နေ့လယ်ပိုင်းက ကံဦးကျေးရွာအုပ်စု၊‌  ဇေယျကွက်သစ်ကျေးရွာ၊ ဇေယျသုခဘုန်းကြီးကျောင်း တွင် ပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် အင်္ဂပူမြို့နယ် စီမံအုပ်‌ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်‌ကျော်မိုးမှ နိုင်ငံတော်မှ ရှေ့ဆက် သွားမည့်မူဝါဒနှင့် လုပ်ငန်းစဉ်များ၊ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ၊ နိုင်ငံသား စိစစ်ရေးပြုလုပ်ပေးနေမှုနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှု များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများမှ  မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းပြောကြားခဲ့ သည်။ ထို့‌နောက် တက်‌ရောက်လာသော ဒေသခံပြည်သူများမှ‌ တင်ပြသည့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)