နောင်တရား အောင်တိုဘာ ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ စန္တားခမ်းဘက်စုံဖွံ့ဖြိုးရေးကွင်း၌ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် စန္တားခမ်းဒေသပအိုဝ်းအမျိုးသား ဘောလုံးကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သော ဘောလုံးဒိုင်(၁/၂၀၂၂) သင်တန်းဆင့်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ကျင်းပသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် လွယ်အယ်ကျောင်းတိုက် ဆရာတော် အရှင်ရာဇကရုက ဩဝါဒမိန့်ကြားသည်။ ဆက်လက်၍ ပအိုဝ်းအမျိုးသားစာပေနှင့် ယဉ်ကျေးမှုဗဟိုအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဝင်းကိုက အမှာစကားပြောကြားခြင်း၊ ဒိုင်သင်တန်းနည်းပဆရာ ဦးကျော်မြင့်လှိုင်က သင်တန်းဆင်းအမှာစကားပြောကြားခြင်း၊ စန္တားခမ်းဒေသပအိုဝ်းအမျိုးသားဘောလုံးကော်မတီမှ ဥက္ကဋ္ဌ ဦးခွန်ကျော်ဆွေက သင်တန်းဆင်းအမှာစကားပြောကြားသည်။ ထို့နောက် သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး သင်တန်းသားများအား တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ် ပေးအပ်ခဲ့သည်။
(၁/၂၀၂၂)ဘောလုံးဒိုင်သင်တန်းဆင်းပွဲ၌ သင်တန်းကာလအတွင်း စာတွေ့လက်တွေ့ထူးချွန်သည့် သင်တန်းသား(၅)ဦးကို စန္တားခမ်းဒေသပအိုဝ်းအမျိုးသားဘောလုံးကော်မတီမှ ဆုများချီးမြှင့်ခဲ့သည်။ စန္တားခမ်းဘက်စုံဖွံ့ဖြိုးရေးကွင်းတွင် ဘောလုံးဒိုင်သင်တန်းအပြင် ခြင်းလုံးဒိုင်သင်တန်း၊ ဘောလီဘောဒိုင်သင်တန်း၊ တင်းနစ်သင်တန်း၊ အခြားအားကစားဒိုင်သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားသွားမည်ဟု သိရသည်။
ခွန်အောင်(နောင်တရား)