သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

သာပေါင်း အောက်တိုဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ များ အပတ်စဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။

ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လှဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်ကျော်သိန်း၊ အဖွဲ့ဝင်(၃) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ် ဦးစီးအရာရှိ ဦးမြင့်မြတ်‌ဇော်တို့မှ ဌာနဆိုင်ရာများအပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ပြီး လုံခြုံရေးမပေါ့ဆကြရန်၊ မြေပြင်လူဦးရေ တိုက်ဆိုင်စစ်ဆေးခြင်း ပူးပေါင်းဆောင်ရွက်ရန်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လိုက်နာဆောင်ရွက်ရန်၊ စစ်ကြောင်းကြီး(၅)ကြောင်း ကွင်းဆင်းရာတွင် ဌာနအကြီးအကဲ ကိုယ်တိုင်လိုက်ပါဆောင်ရွက် ရန်၊ နေကြာစိုက်ပျိုးမည့် တောင်သူများ စိုက်ဘဏ်ချေးငွေရရှိရေး တင်ပြဆောင်ရွက်ရန်၊ နေကြာစိုက်ပျိုးနိုင်ရေးအတွက် ကွင်းဆင်းအဖွဲ့ ဌာနတာဝန်ရှိသူများ ကွင်းဆင်းစည်းရုံး ဆောင်ရွက်ရန်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက် ရန်၊ မီးဘေးအန္တရာယ် ကာကွယ်ရေး ကြိုတင်ဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားပြီး ကဏ္ဍအလိုက် ပြန်လည် ဆွေးနွေးတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်