မော်လမြိုင်ကျွန်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့သော ဘေးသင့်ပြည်သူအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်

မော်လမြိုင်ကျွန်းမြို့နယ် အောက်တိုဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကြက်လျှာကျေးရွာအုပ်စု၊ ပေါင်တစ်ချောင်းကျေးရွာ၌ အောက်တိုဘာ ၂၄ ရက်နေ့ နေလယ် ၂ နရီ ၂၀ အချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးမှုအား ကယ်ဆယ်‌ရေးပစ္စည်းနှင့် ထောက်ပံ့ငွေ ပေးအပ်ခြင်းလုပ်ငန်းကို ယနေ့ နံနက် (၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ဆောင်ရွက်သည်။

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇာဇာလင်းနှင့် တာဝန်ရှိသူ များက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပျက်စီးမှုဖြစ်ပွားခဲ့သော အိမ်ထောင်စု (၁)စုမှ ဘေးသင့်ပြည်သူ (၅)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၉)မျိုးပါ (၁)ပုံး၊ ဆန်ရိက္ခာ (၇)ရက်စာငွေ (၁၀၅၀၀)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးကျပ် (၁၀၀၀၀၀)တိတိ စုစုပေါင်းကျပ် (၁၁၀၅၀၀) တိတိအား ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်/ကျေးစာရေးတို့နှင့် အတူ ဘေးသင့်ပြည်သူထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။

အောင်အောင် (ပြန်/ဆက်)