မိုင်းလုံမြို့တွင် ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား/ကျောင်းသူများမှ ဗဟုသုတတိုးပွားစေရန် စာအုပ်များ နေ့စဉ်ငှားရမ်း

မိုင်းလုံ  အောက်တိုဘာ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင်  ကျောင်းသား/ကျောင်းသူများမှ ဗဟုသုတတိုးပွားစေရန် စာအုပ်များ နေ့စဉ်ငှားရမ်းလျက်ရှိကြောင်း သိရသည်။

ထိုသို့ လာရောက်ဌာရမ်းရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်စုစုဝင်းက ကလေးငယ်များကို ကလေးစာပေနှင့်သက်ဆိုင်သော ရွှေသွေးဂျာနယ်၊ ကာတွန်း၊ ရုပ်ပြများကို ငှားရမ်းပေးပြီး  ပြည်သူ့စာကြည့်တိုက်ကို တစ်ပတ်လျှင် တနင်္ဂ‌နွေတစ်ရက်နှင့် အစိုးရရုံးပိတ်ရက်များသာ ပိတ်ထားပြီး နေ့စဉ်ဌားရမ်းပေးရာ စာအုပ်များကို နေ့စဉ်လာရောက် အပ်နှံကြရန်၊ စာအုပ်ကိုရိုရိုသေသေကိုင်တွယ်ဖတ်ရှုရန်အမြဲပြောကြားပြီး ရပ်ကွက်နေပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူများက တစ်နေ့လျှင် (၂၀)ဦးခန့်နေ့စဉ် လာရောက်ငှားရမ်းကြောင်းကို မိုင်းလုံမြို့   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးထံက သိရသည်။

စာကြည့်တိုက်တွင် စာအုပ်စာစောင်များငှားရမ်းပေးသည့်အပြင်စာပေ ဝါသနာရှင်များအတွက် အသိပညာဗဟုသုတတိုးပွါးစေရန်  စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စက္ကူအရုပ်ခေါက်ခြင်း၊ ကျန်းမာရေးဆောင်းပါး မိတ်ဆက်ခြင်းစသည့် အစီအစဉ်များနှင့် Talk Show အစီအစဉ်များကို ရိုက်ကူး၍  Online  မှတစ်ဆင့်တင်ဆက်ပေးသည့်လုပ်ငန်းများလည်း လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)