မအူပင်မြို့နယ်၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

မအူပင် အောက်တိုဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် နယ်မြေစိုးမိုးရေးအတွက် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံပွဲကို စွန်သိုက်ကျေးရွာအုပ်စု၊ ငါးကြီးဂရက်ကျေးရွာအုပ်စုနှင့် ရေလဲကလေး ကျေးရွာအုပ်စုတို့ရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတို့၌ ယမန်နေ့က ကျင်းပ‌ဆောင်ရွက်ခဲ့သည်။

တွေ့ဆုံ‌ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများမှ တရားဥပဒေစိုးမိုးရေး၊ နယ်မြေ လုံခြုံရေး၊ မှုခင်းလျော့နည်းကျဆင်းရေး၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများ လွယ်ကူစွာပြုလုပ်နိုင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဒေသဖွံ့ဖြိုးရေး စသည့် လုပ်ငန်းကိစ္စရပ် အသီးသီးအား သက်ဆိုင်ရာဌာနများအလိုက် ရှင်းလင်းဆွေးနွေး ပြောကြားပြီး တက်ရောက်လာကြသည့် ပြည်သူများက သိရှိလိုသည်များအား မေးမြန်းရာ သက်ဆိုင်ရာ ဌာနအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ မအူပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊‌ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသော ပြည်သူများအား တစ်ဦးလျှင် ဆန်တစ်ပြည်နှုန်း ပေး‌ဝေခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)