ကျောင်းကုန်း အောက်တိုဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ဇရပ်ကွင်းအုပ်စု၊ စာဖြူစုကျေးရွာ တောင်သူ ဦးကျော်မိုးလွင်/ ဦးရဲရင့်အောင်၏ လယ်မြေ၊ ကွင်းအမှတ် ၃၈၄(C)ဦးပိုင်အမှတ် ၁၆/၂၊ ဇရပ်မြောက်ကွင်း၊ စိုက်ဧက ၄.၂၅ တွင် ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်က ဆင်းသုခမိုးစပါး စံကွက်ရိတ်သိမ်းခဲ့သည်။
အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သနိး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှဝန်ထမ်းများ၊ ဇရပ်ကွင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး၊ တစ်ဧကလျှင် အစို(၁၂၅)တင်း၊ အခြောက်(၁၀၈)တင်း ထွက်ရှိပါကြောင်း စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)