မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့ဖြင့် မြန်​အောင်မြို့ အမှတ်(၃)၊ အမှတ်(၅)၊ အမှတ်(၆)ရပ်ကွက်နေ ပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

မြန်အောင် အောက်တိုဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်​အောင်ခရိုင်၊ မြန်​အောင်မြို့နယ်အတွင်း လုံခြုံ​ရေး၊ တရားဥပဒေစိုးမိုး​ရေး၊ ရပ်ရွာ​အေးချမ်းသာယာ​ရေး၊​ ဒေသဖွံ့ဖြိုး​ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်​သော စစ်​ကြောင်းကြီး (၅)​ကြောင်း ကွင်းဆင်းအဖွဲ့(၂)မှ ယနေ့နံနက်က မြန်​အောင်မြို့ အမှတ်(၅)ရပ်ကွက် တာဝတိံသာဓမ္မာရုံ၌ အမှတ်(၃)၊ အမှတ်(၅)၊ အမှတ်(၆)ရပ်ကွက်နေ ပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ချစ်မောင်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ထက် ဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ ပါဝင်သော ကွင်းဆင်းအဖွဲ့ (၂)သည် ဒေသခံပြည်သူများ နှင့်တွေ့ဆုံ၍ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတားကောင်းမွန်ရေး၊ ကာကွယ်ဆေးထိုးနှံရေး၊ နိုင်ငံသားစိစစ်ရေးလက်မှတ်၊ အိမ်ထောင်စုစာရင်းဆောင်ရွက်ခြင်း စသည့် ဒေသဖွံဖြိုးလုပ်ငန်းများ၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းစနစ်တကျ လိုက်နာရေး၊ လူမှောင်ခိုလူကုန်ကူးမှုအန္တရာယ်များအကြောင်းနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး၊ ရပ်ကွက်သန့်ရှင်းသာယာလှပရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်၍ ဒေသခံပြည်သူများ၏ ဆွေးနွေးတင်ပြချက်များကို သက်ဆိုင်ရာဌာနများက ပြန်လည်ဆွေးနွေးဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ် မြန်အောင် (ပြန်/ဆက်)