အလက(မြို့မ)ကျောင်း၌ နယ်လှည့်အသိပညာပေး ဟောပြောခြင်း၊ ဓါတ်ပုံပြပွဲ၊ နံရံကပ်စာစောင် ပြသခြင်းနှင့် စာအုပ်စာစောင်ပြသခြင်းများ ကွင်းဆင်းဆောင်ရွက်

ပူတာအို အောက်တိုဘာ ၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့မရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းတို့ ပူးပေါင်းမှုဖြင့် ကျောင်းသူ၊ ကျောင်းသားများ အသိပညာ ဗဟုသုတများ တိုးပွားလာစေရေးအတွက် နယ်လှည့်အသိပညာပေး ဟောပြောခြင်း၊ ဓါတ်ပုံပြပွဲပြသခြင်း၊ နံရံကပ် စာစောင်ပြသခြင်းနှင့် စာအုပ်စာစောင်ပြသခြင်းများကို ယမန်နေ့မွန်းလွဲ (၁)နာရီက ပူတာအိုမြို့ မြို့မရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်သည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမိုးနိုင်က “စာဖတ်ခြင်း၏ အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူတစ်ဦးလျှင် စာအုပ်တစ်အုပ်နှုန်းဖြင့် ငှားရမ်းဖတ်ရှုစေကာ အဆိုပါ မိမိဖတ်ရှုသော စာအုပ်အကြောင်းအရာများမှ ဖတ်မှတ်မိသမျှ အကြောင်းအရာများကို ဗဟုသုတအနေဖြင့် ပြန်လည်မျှဝေခြင်း အစီအစဉ်များ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ နယ်လှည့်လှုပ်ရှား ကွင်းဆင်းဆောင်ရွက်ရာတွင် အေးချမ်းသာယာပြည်မြန်မာ ဓါတ်ပုံပြိုင်ပွဲ ဆုရမှတ်တမ်းဓါတ်ပုံများ ပြသထားသည့် ဓါတ်ပုံပြပွဲ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး နံရံကပ်စာစောင် ပြသထားရှိမှုနှင့် စာအုပ်စာစောင် ခင်းကျင်းပြသထားရှိမှုများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမိုးနိုင်က ရှင်းလင်းပြသရာ ကျောင်းသူ၊ ကျောင်းသားများက စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ပူတာအို)