ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ အမှတ်-၄ အခြေခံပညာ မူလတန်းကျောင်းတွင် ကလေးများအား စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်

နမ့်ဆန် အောက်တိုဘာလ  ၂၈

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဉီးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍  စာပေကိုချစ်မြတ်နိုးသော ကလေးငယ်များကို ဇာတ်ညွှန်း လူရှိုင်းလူရှေစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ မိုးကလေးဘယ်ကလာပုံပြင် စာအုပ်ဖြင့် ပုံပြင်ပြောပြခြင်းကို  နံနက်ပိုင်း(၁၀)နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပုံပြင်ပြောပြိုင်ပွဲတွင် နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဒုတိယ ဦးစီးမှူး      ဒေါ်နီလာဝင်းက  “မိုးကလေးဘယ်ကလာ” ပုံပြင်စာအုပ်အား ပြောပြခဲ့ရာ ကလေးများမှ စိတ်ပါဝင်စားစွာ နားထောင်ခဲ့ကြောင်းနှင့် ကလေးများအား ပုံပြင်စာအုပ်များ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။

သားသားမီးမီးတို့အနေဖြင့် အသိပညာဗဟုသုတရရှိစေရန် စာများလေ့လာဖတ်ရှုလိုကြောင်း စာဖတ်ရန်အတွက် မိမိတို့စာကြည့်တိုက်တွင် ကလေးများ ကြိုက်နှစ်သက်ဖွယ် စာအုပ်များစွာ ရှိကြောင်းကို ဦးစီးအရာရှိမှ ဆွေးနွေးခဲ့သည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ-နမ့်ဆန်ရုံးအနေဖြင့် အနာဂတ် သားကောင်းရတနာများဖြစ် သည့် ကလေးသူငယ်များအား စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်း များ ရရှိစေရန်နှင့် စာအုပ်များကို ရင်းနှီးကျွမ်းဝင်လာစေရန် ရည်ရွယ်၍ နယ်လှည့်ကွင်းဆင်းပြီး စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

နမ့်ဆန်ဒေသပြန်/ဆက်