ပန်းတနော် အောက်တိုဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနမှ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်နာရမည့် စည်းကမ်းချက်များအား လိုက်လံအသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့ပေါ်ရပ်ကွက် ကျေးရွာများတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့လိုက်လံအသိပေး နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ပူပြင်းခြောက်သွေ့သော နွေရာသီကာလ ရောက်ရှိလာပြီဖြစ်ပါ၍ မီးလန့်မှု မီးလောင်မှုများ မဖြစ်ပွားစေရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ သတ်မှတ်စည်းကမ်းချက်များဖြစ်သည့် မီးအသုံးပြုခြင်း၊ ဘုရားမီး၊ အမွှေးတိုင်းမီး၊ ခြင်ဆေးခွေမီးများအသုံးပြုခြင်း၊ လျှပ်စစ်မီးများအသုံးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ လောင်စာဆီများ အသုံးပြုခြင်းနှင့် မိမိနေအိမ် စီးပွားရေးလုပ်ငန်းများတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေးတို့အတွက် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ဦးနှင့် ဝန်ထမ်းများက လိုက်လံအသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)