လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက် ထိုးနှံ

လှိုင် အောက်တိုဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား လှိုင်မြို့နယ် အမှတ်(၁၂)ရပ်ကွက်၊ ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ  အသက်(၁၈)နှစ်နှင့်အထက်ရှိ သူများအား ကာကွယ်ဆေး ထိုးနှံသူစုစုပေါင်း (၇၅)ဦးရှိကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့်  စစ်ကြောင်းကြီး(၅)ကြောင်းမှ ကျန်းမာရေးစစ်ကြောင်း အဖွဲ့ခေါင်းဆောင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာ ဝေဆင့်ကျော် ဦးဆောင်သော ကျန်းမာရေး၀န်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များနှင့် လူမှုအသင်းအဖွဲ့များက ကာကွယ်ဆေးထိုးနှံရန် လာရောက် ကြသော အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ လူစုလူဝေး မဖြစ်ပေါ်စေရေး၊ သွားလာရေးအဆင်ပြေစေရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရသည်။

ကျော်ရဲအောင်(ပြန်/ဆက်)