ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲအခမ်းအနားကို အမှတ်(၁၂၂)ရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချီးမြှင့်အပ်နှင်းသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင် ရဲဗလတံဆိပ် အပ်နှင်းပွဲ အခမ်းအနားပြုလုပ်

နိုင်ငံတော်တာဝန်ထမ်းဆောင်စဉ် ထိုခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသွားကြသူများအတွက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချီးမြှင့်အပ်နှင်းသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် ရွှေဖြင့်ပြုလုပ်ထားသော ရဲဗလတံဆိပ်အပ်နှင်းပွဲ အခမ်း အနားကို ယနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြင့်မားရေး စာဖတ်ဝိုင်းပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြင့်မားရေး စာရေးဆရာ ကောင်းပြည့်သော်ရေးသားသည့်  အောင်မြင်ကြီးပွားရွှေစကားစာအုပ်အား ယမန်နေ့မွန်းလွဲ(၂)နာရီက လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝေါမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေး နှာခေါင်းစည်း Mask တပ်ရန် အသိပညာပေး (Mask Campaign) ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းက ကြုံတူဘုရားမုဒ်ဝ ရှေ့မင်းလမ်းမဘေးတွင် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များတက်၍ အိမ်အပြင်သို့ထွက်ရန် အသိပညာပေးဆောင်ရွက် ခဲ့သည်။

ပဲခူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ခရိုင်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပဲခူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉:၃၀ နာရီက ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ခရိုင်အဆင့်ဌာနဆိုင်ရာများမှ မိမိလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ချက်များအား ဆွေးနွေးတင်ပြကြရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်က လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့သည်။

အမ်းမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်း  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရေး၊ ယာဉ်မတော်တဆမှုများ လျော့နည်းစေရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ လိုက်နာမောင်းနှင် သွားလာနိုင်စေရေးအတွက် အသိပညာပေးခြင်းကို ယနေ့ နံနက်(၇) နာရီအချိန်က အောက်ရွာကျေးရွာအုပ်စု အမ်း-တောင်ကုတ်- စစ်တွေ လမ်းဆုံမော်ဆီဆိုင်အနီးတွင်ဆောင်ရွက်ခဲ့​သည်။
Subscribe to