ကျောက်တန်း အောက်တိုဘာ ၂၈
ပြည်သူများစာပေကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကို နားလည်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အတွေးအခေါ်ဗဟုသုတများ ရရှိလာစေရန်၊ အမှားအမှန် ဝေဖန်ပိုင်ခြားနိုင်စေရန် နှင့်အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ဝါသနာတူ ကလပ်အသင်းများစုစည်းပြီး စာရေးသူ ဒေါက်တာမတင်ဝင်း ရေးသားထားသည့် “လွတ်လပ်ပေါ့ပါးသောစိတ်ရှိပါစေ” စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ဦးသန့်ဇင်ထွန်း စာဖတ်ဝိုင်း ဆောင်ရွက်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီး တက်ရောက် လာသူများအား စာပေကိုမြတ်နိုး တန်ဖိုးထားတတ်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူကြရန်အတွက် စာဖတ်ဝိုင်းများကို မြို့နယ်အသီးသီးရှိသော ပြန်/ဆက် ဦးစီးဌာနများအနေဖြင့် လစဉ်ပုံမှန် ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး Women Club အသင်း အဖွဲ့ဝင် စန္ဒာလဝန်းက “ဒေါသဖြစ်ဖို့ရာအချိန်မရပါ”၊ Book Club အဖွဲ့ဝင် မချယ်ရီသင်းက “အချိန်ဆိုတာ တကယ်တန်ဖိုးရှိသလား” စသည့် စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်