ပေါက်ခေါင်းမြို့နယ်၌ ဒေသထွက်ကုန်ပစ္စည်းများတိုးမြှင့်ထုတ်လုပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ဒေသတွင်းအသေးစား၊ အငယ်စား၊ အလတ်စား ဒေသထွက်ကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ပြီး လုပ်ငန်းလိုအပ်ချက်များကူညီပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်းအဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။