ကဝ အောက်တိုဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အ.ထ.က (ကဝ) ဆရာကျော့ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူးဦးလင်းအောင်က အလုပ်ရုံဆွေးနွေးပွဲနှင့်သက်ဆိုင်သော အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲသို့ ကဝမြို့နယ်အတွင်းမှသင်တန်းသား၊ သင်တန်းသူ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး စုစုပေါင်း(၁၇၆)ဦး တက်ရောက်ကြပြီး အလုပ်ရုံဆွေးနွေးပွဲကာလမှာ အောက်တိုဘာ(၂၈)ရက်နေ့မှ (၂၉)ရက်နေ့အထိ (၂)ရက်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံ ဆွေးနွေးပွဲသို့ မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် မူလတန်းကျောင်းခွဲများမှ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)