ညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲအခမ်းအနားကျင်းပ

ညောင်ဦး  အောက်တိုဘာ  ၂၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများ ထောက်ပံ့ပစ္စည်းပေးအပ်ပွဲအခမ်းအနားကို ညောင်ဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထားခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်ကပေးအပ်ပွဲ အခမ်း အနားကျင်းပခဲ့ကြောင်းသိရသည်။

ထောက်ပံ့ပစ္စည်းပေးအပ်ပွဲအခမ်းအနားတွင် ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးနန်းတင့်က အဖွင့်အမှာစကားပြောကြားသည်။ ပြီးနောက် ရပ်ကွက်/ကျေးရွာအုပ် ချုပ်ရေးမှူး များ နှင့်စာရေးဝန်ထမ်းများအား ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်၊ စီမံအဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်ဖြိုးအောင်၊ စီမံအဖွဲ့ဝင် ဦးဆန်းထွန်းဦးနှင့်တာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများပေးအပ်ကြသည်။ယခုထောက်ပံ့ပေးအပ်သည့် ပစ္စည်းများ Mask (၁၀၉) ဘူး၊ Hand Gel ဘူးကြီး(၁၀၉)ဘူး၊ Hand Gel ဘူးသေး(၁၀၉)ဘူး၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ထွက်ဆုအင်္ကျီများပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ကိုကြေးမုံ