စဉ့်ကိုင် အောက်တိုဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများအတွင်း ကိုဗစ်-၁၉ရောဂါ လျော့နည်းကျဆင်းစေရေးနှင့် ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် စဉ့်ကိုင်မြို့နယ် ပြည်သူ့ဆေးရုံနှင့် ကျေးရွာအုပ်စုအလိုက် စုရပ်နေရာများတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး(Booster) များဆက်လက်ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာ (၂၇)ရက်နေ့ထိ First Booster)ထိုးနှံပြီးသူ (၂၂၉၄၉) ဦးထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ကူးစက်ရောဂါကာကွယ် ထိန်းချုပ်ကုသရေးကော်မတီ ဉက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊မီးသတ်တပ်ဖွဲ့၀င်များ၊ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့၀င်များနှင့် ပူးပေါင်းပြီး Omicron အပါအဝင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုးကို သတိပြုကာကွယ်ရန်နှင့် ကူးစက်ပြန့်ပွားမှု မဖြစ်စေရေး၊ ကြိုတင်ကာကွယ် တားဆီးနိုင်စေရန်နှင့် ရောဂါကူး စက်မှုလျော့နည်းစေရေးအတွက် ပြည်သူများသိရှိလိုက်နာစေရန်၊ အသံချဲ့စက်များ၊ Hand Speaker များဖြင့်လှည့်လည်ပြီး အသိပညာပေး နှိုးဆော်ခြင်း၊ ဒေသန္တာရစည်းကမ်းချက်များ၊ ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်းလိုက်နာမှုရှိ/မရှိ စစ်ဆေးခြင်း အသိပညာပေး လုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster)များကို ထိုးနှံရာ တွင် First Booster (၂၂၉၄၉)ဦးနှင့် Second Booster (၁၀၈၃)ဦး ထိုးနှံပေးပြီးဖြစ်ရာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးတစ်ကြိမ်မျှ ထိုးနှံခြင်း မရှိသေးသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ကျော့မူယာမောင်(ပြန်/ဆက်)