မတ္တရာ အောက်တိုဘာ ၂၈
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.က(မတ္တရာ)အောင်ဆန်းခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်ဆွေဝင်းမှ အဖွင့်အမှာစကားပြော ကြားခဲ့သည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ဒုတိယမြို့နယ် ပညာရေးမှူး ဦးမြင့်စိုး (စီမံဘဏ္ဍာ)မှ စီမံခန့်ခွဲမှု လုပ်ငန်းဆိုင်ရာများဆွေးနွေးခြင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းပိုင်မှ (ပညာ)မှ သင်ကြားသင်ယူမှုဆိုင်ရာလုပ်ငန်းများကို ဆွေးနွေးခြင်း မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ခင်ဆွေဝင်းမှ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများနှင့် စီမံခန့်ခွဲမှု လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မတ္တရာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး ၂၀၁ ဦးတက်ရောက်ခဲ့ကာ အောက်တိုဘာလ ၂၉ ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)