မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် မူးယစ်ဆေးဝါးတာဆီးကာကွယ်ရေးခေါင်းစဉ်ဖြင့် ဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဆင်ဆွယ်ပွတ်ရပ် မဟာဂန္ဓာရုံဘုန်းတော်ကြီးသင်ပညာကျောင်းတွင် ယနေ့နေ့လယ်(၁)နာရီအချိန်က အထက်တန်းအဆင့် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးခေါင်းစဉ်ဖြင့် ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ဆုတောင်းပြည့် မဟာရွှေသိမ်တော်မြတ်စွာဘုရားကြီး ဗုဒ္ဓပူဇနိပွဲတော်တွင် မဟာပဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ခြင်း အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် သင်တောင်းကြီးကျေးရွာ ဆုတောင်းပြည့် မဟာရွှေသိမ်တော် မြတ်စွာဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် မဟာပဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီက ရွှေသိမ်တော်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ကျောက်တံတားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ(၂)တွင် ပင်စင်လစာငွေများကို ယနေ့ နံနက် (၇)နာရီအချိန်မှစ၍ ထုတ်ပေးလျက်ရှိပါသည်။

ကျောက်ဆည်မြို့နယ်တွင် (၂၇)ကြိမ်မြောက် ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော (၂၇)ကြိမ်မြောက်ဝန်ထမ်းပေါင်းစုံ  စုပေါင်းမဟာဘုံကထိန်ပွဲတော်ကျင်းပနိုင်ရေး ယနေ့နံနက်(၁၀)နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ် (Community Centre) ခန်းမတွင် သတင်းရေးသားနည်းသင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် သတင်းရေးသားနည်းသင်တန်ကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်တံတားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ(၂)တွင် ပင်စင်လစာငွေများကို ယနေ့ နံနက် (၇)နာရီ အချိန်မှစ၍ ထုတ်ပေးလျက်ရှိပါသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ၂၀၂၂ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၂၁) နှစ်အောက် ကလပ်ပေါင်းစုံဖိတ်ခေါ် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

မွန်ပြည်နယ်တွင် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးနှင့်  အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၂၁) နှစ်အောက် ကလပ်ပေါင်းစုံဖိတ်ခေါ် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့၊ ညနေပိုင်းက မော်လမြိုင်မြို့၊ ကျောင်းသား အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်း ထွန်း၊ပြည်နယ်ဝန်ကြီးများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။

ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့်(ဆင့်ပွား) အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်တွင် အခြေခံပညာဦးစီဌာန၏ကြီးကြပ်မှုဖြင့် ထက်၊ လယ်၊ မူကျောင်းအုပ်ကြီးများ၏ စီမံမှုစွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့် ဆင့်ပွားအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(၁၀၂)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် တန်ဆောင်မုန်းလဆုတ်(၁၀)ရက်နေ့တွင်ကျရောက်မည့် (၁၀၂) နှစ် မြောက် အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသားနေ့ဆိုင်ရာ နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နေ့လည်ပိုင်းက ခမောက်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

လမ်းမတော်မြို့နယ်၌ ပြည်သူများ စာပေပိုမိုဖတ်ရှုနိုင်စေရန်၊ ပြည်သူများ လက်ဝယ်အရောက် စာအုပ်များ ငှားရမ်း

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမ‌တော်မြို့နယ်၌ ပြည်သူများ စာပေမှရရှိသည့် ဗဟုသုတများစွာရရှိစေရန်နှင့် စာပေကို လက်ဝယ်အရောက် ဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ စာအုပ်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီ အချိန်က အ.မ.က(၅)ကျောင်းသို့ သွား ရောက်ငှားရမ်းပေးခဲ့သည်။
Subscribe to