ကျောက်ဆည်မြို့ နည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)တွင် ဝန်းကျင်လေထုအရည်အသွေး တိုင်းတာစစ်ဆေးခြင်းများပြုလုပ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဘဏ္ဍာနှစ်အလိုက် ဒေသန္တရစီမံကိန်း၏ ပင်မလုပ်ငန်းအစီအစဉ်မှ စီမံချက်ဝင်လုပ်ငန်းဖြစ်သော ဝန်းကျင်လေထု အရည်အသွေးတိုင်းတာစစ်ဆေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်း နည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်) တွင် AQM-09 တိုင်းတာရေးစက်ဖြင့် လေထုအရေအသွေးများ တိုင်းတာစစ်ဆေးခဲ့ကြောင်း သိရသည်။