မိတ္ထီလာမြို့နယ်၌ ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံ ၁၀ မျိုးနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်တမ်းများ ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံ ၁၀ မျိုးနှင့်စပ်လျဉ်း၍ ပန်းတိုင်ရည်မှန်းချက်/အထွက်နှုန်းမကောင်းရခြင်းအကြောင်းအရာများ မြေပြင်ကွင်းဆင်းစစ်တမ်းများကောက်ယူခြင်းကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။