မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဌာနဆိုင်ရာဝန်ထမ်းများ ကွန်ပျူတာကျွမ်းကျင်မှု Advanced Course(၂ /၂၀၂၅)သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်
မကွေးတိုင်းဒေသကြီး ဌာနဆိုင်ရာဝန်ထမ်းများ၏ ကွန်ပျူတာကျွမ်းကျင်မှု Advanced Course (၂/၂၀၂၅)သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းပို့ချသည့် ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့သည်။