ဒေးဒရဲ ဒီဇင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် (၂၀၂၅)ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်အတွင်း မဲစာရင်းပါရှိသည့် မြို့နယ်ပြင်ပရောက် မဲဆန္ဒရှင်များ၏ ကြိုတင်ဆန္ဒမဲများအား မဲပုံးများအတွင်း ထည့်သွင်းဆောင်ရွက်နေမှုကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးတွင်ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းဝင်းက မြို့နယ်ပြင်ပရောက် ကြိုတင်ဆန္ဒမဲလက်မှတ်စာအိတ်များအား မှတ်ပုံတင်ခြင်း၊ ကြိုတင်မဲပုံးထဲသို့ ထည့်သွင်းခြင်းဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ပြင်ပရှိ ကြိုတင်ဆန္ဒမဲပေးထားသည့် ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်းသား၊ သင်တန်းသူများ၊ အချုပ်သားများ၏ ကြိုတင်ဆန္ဒမဲ လက်မှတ်စာအိတ်များအား နိုင်ငံရေးပါတီများ၏ကိုယ်စားလှယ်များ ရှေ့မှောက်တွင် ဖွင့်ဖောက်၍ ချိပ်ပိတ်ထားသော မဲပုံးအတွင်းသို့တာဝန်ရှိသူများက ထည့်သွင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို (၂၀၂၆)ခုနှစ်၊ ဇန်နဝါရီလ(၂၅)ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)