မင်းလှမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး(Community Center)ခန်းမ၌ ပြည်သူများအသိပညာဗဟုသုတရရှိစေရန်အတွက် မြို့နယ်စာရေးဆရာအသင်းအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီချိန်ကပြုလုပ်ခဲ့သည်။

သာယာဝတီမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရေး၊ ဆန္ဒမဲပေးနိုင်ရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို သာယာဝတီမြို့ မြို့မဈေးတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မကွေး)မှ ကျောင်းသား/ကျောင်းသူများ ရှားပင်လှစိုက်ပျိုး မွေးမြူရေးဇုံအတွင်း ကွင်းဆင်း

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ သမဝါယစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မကွေး)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများဦးဆောင်၍ သင်တန်းသား/သင်တန်းသူများဖြင့် ယမန်နေ့ နံနက်ပိုင်းက ရွှေတင်တူးစိုက်ပျိုးမွေးမြူရေးဇုံအတွင်းရှိ ဥစားကြက်မွေးမြူရေးခြံများသို့ ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့သည်။

နတ်တလင်းမြို့နယ်တွင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲဆန္ဒရှင်ပြည်သူများ မဲပေးခြင်းဆိုင်ရာအသိပညာပေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ မဲပေးခြင်းဆိုင်ရာအသိပညာပေးလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ရုံးတွင်နံရံကပ်ပြဘုတ်နှင့်မြေစိုက်နံရံကပ်ဘုတ်တို့တွင်ပြသ၍ အသိပညာပေးဆောင်ရွက်သည်။

ငဖဲမြို့နယ်ရုံးရှေ့ မြေစိုက်ဘုတ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ နံရံကပ်စာစောင်ပြသ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲဆိုင်ရာအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ကို ယနေ့နံနက် ၁၀ နာရီက ပြသဆောင်ရွက်သည်။

ညောင်ဦးမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)သရုပ်ပြရှင်းလင်းခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်

မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့်မဲပေးစက် လက်တွေ့သရုပ်ပြမဲပေးခြင်းကို ဒီဇင်ဘာ ၁၈ ရက်၊နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)၊ပန်းမျိုးတစ်ရာခန်းမ၌ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် လေးနှစ်သင်ပညာရေး ဒီဂရီကောလိပ် ပထမနှစ်တို့၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားတက်ရောက်

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မော်လမြိုင်ပညာရေးဒီဂရီကောလိပ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် (ပထမနှစ်)မောင်မယ်သစ်လွင်များကြိုဆိုပွဲကို အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အဆိုပါ‌မော်လမြိုင်ပညာ‌ရေးဒီဂရီကောလိပ် ပညာညီလာခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ မော်လမြိုင်ပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးနှင့် သင်ကြားရေး ဆရာ ၊ ဆရာမများ ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ခရစ္စမတ်နေ့အကြို ဝတ်ပြုခြင်းပြုလုပ်

ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ကျရောက်မည့် ခရစ္စမတ်နေ့ကို ကြိုဆိုသောအားဖြင့်  သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ခရစ္စမတ်နေ့အကြိုဝတ်ပြုခြင်း အခမ်းအနားကို ဒီဇင်ဘာ ၁၈ ရက်က အ-ထ-ကကျောင်းဝင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးဒေသထွက် ကွမ်းသီးများယခင်နှစ်ထက်ဈေးနှုန်းအနည်းငယ်ကျဆင်း

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ဒေသခံပြည်သူများမှာ ဥယျာဉ်ခြံလုပ်ငန်းကိုအသက်မွေးဝမ်းကျောင်း အဓိကလုပ်ကိုင်အဖြစ်ဆောင်ရွက်လျက်ရှိရာ  ကွမ်းသီးစိုက်ပျိုးလုပ်ငန်းသည်လည်းတစ်ခုအပါအဝင်ဖြစ်ပြီးယခုနှစ်တွင် သံတောင်ကြီးဒေသထွက်ကွမ်းသီးများယခင်နှစ်ထက်ဈေးနှုန်းအနည်းငယ်ကျဆင်းကြောင်းသိရသည်။

ကော့သောင်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာ သင်တန်းပေး

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၅ ခုနှစ်  ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ရက်တွင် မဲရုံအသီးသီး၌ တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူး၊ အရန်မဲရုံမှူးနှင့် ထိန်းချုပ်စက်ကိုင်တွယ်မည့်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာ သင်တန်းပေးခြင်းကို ယမန်နေ့က ကော့သောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီခန်းမတွင် ဆောင်ရွက်သည်။
Subscribe to