မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် လူငယ်နှင့်စာရိတ္တ အသိပညာပေး ဆွေးနွေးပွဲ (TALK SHOW) ကျင်းပ

မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် လူငယ်နှင့်စာရိတ္တ အသိပညာပေး ဆွေးနွေးပွဲ (TALK SHOW) ကျင်းပ မြစ်သား ဒီဇင်ဘာ ၁၈ ရဲနိင်ဦး(မြစ်သား)

ကျွန်းစုမြို့နယ်၌ မီးဘေးလုံခြုံရေး အသိပညာပေး စာစောင်များ ဝေငှ၍ (191) စတေကာများ ကပ်‌နှိပ်ပေး

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မီးဘေးလုံခြုံရေးအသိပညာပေး လက်ကမ်းစာစောင်များအား ဒေသခံများနှင့် ခရီးသွားပြည်သူများအား ဝေငှ၍ (191) စတေကာများ ကပ်နှိပ်ခြင်းကို ဒီဇင်ဘာလ ၁၇ ရက်နေ့က ကျွန်းစုမြို့၊ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေး အရှေ့၌ ဆောင်ရွက်ခဲ့သည်။

မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် လူငယ်နှင့်မူးယစ်ဆေး အသိပညာပေး ဆွေးနွေးပွဲ (TALK SHOW) ကျင်းပ

မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် လူငယ်နှင့်မူးယစ်ဆေး အသိပညာပေး ဆွေးနွေးပွဲ (TALK SHOW) ကျင်းပ မြစ်သား ဒီဇင်ဘာ ၁၈ ရဲနိုင်ဦး(မြစ်သား)

ပလောက်မြို့၌ မီးဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေးအတွက် ဒီဇင်ဘာ ၁၇ ရက်နေ့ နံနက်က ပလောက်မြို့၊ နယ်မြေမီးသတ်စခန်းမှ မြို့ပေါ်ရပ်ကွက်များ၊ ဗဟိုလမ်းမကြီးလမ်းဆုံ၊ လမ်းခွနှင့် မြို့အဝင်အထွက်ဂိတ်တို့တွင် မီးဘေးအသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခဲ့ကြောင်းသိရသည်။

ကျောက်ဆည်မြို့၌ သီးနှံများ အထွက်နှုန်းမကောင်းရခြင်းအကြောင်းများအား စစ်တမ်းကောက်ယူ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၌ ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့်သီးနှံများ ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းမကောင်းရခြင်း အကြောင်းအရာများ သိရှိစေရန်ရည်ရွယ်၍  ဒီဇင်ဘာ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင် ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများထံ မြေပြင်ကွင်းဆင်းစိစစ်ချက် စစ်တမ်းကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်၌ အသက်(၉)နှစ်မှ(၁၁)နှစ်အတွင်း (၁၂)နှစ်မပြည့်သေးသူ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ် ဆေး(HPV)ထိုးနှံပေး

ပျော်ဘွယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ အသက်(၉)နှစ်မှ(၁၁)နှစ်အတွင်း၊အသက်(၁၂)နှစ် မပြည့်သေးသူ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV)ထိုးနှံခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ၁၇ ရက်မှစတင်ကာ မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနရုံးတွင် စတင်ထိုးနှံပေးလျက်ရှိသည်။

ပျော်ဘွယ်မြို့နယ်၌ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းမရသည့် အကြောင်းအရင်းကို စစ်တမ်းကောက်ယူ

ပျော်ဘွယ်မြို့နယ်၌ ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့် အဓိကသီးနှံ (၁၀) မျိုးနှင့် စပ်လျဉ်း၍ ပန်းတိုင်အထွက်နှုန်းရည်မှန်းချက်မရရှိသည့် အကြောင်းအရင်းများကို ဆန်းစစ်လေ့လာနိုင်ရန်အတွက် စစ်တမ်းကောက်ယူခြင်းကို ဒီဇင်ဘာလ ၁၇ ရက် နံနက်ပိုင်းမှ စတင်ကာ သစ်ဆိမ့်ပင်ကျေးရွာတွင် လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။

ရေဦးတွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာ‌ပေးလက်ကမ်းစာစောင်များဖြန့်ဝေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်း၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ တို့ဦးဆောင်မှုနှင့်အတူ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊  မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များလိုက်ပါပြီး ယမန်နေ့နံနက် ၇ နာရီက ဗိုလ်အောင်ဇေယျရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်နှင့် မြို့မစည်ပင်သာယာဈေးတို့တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံ(၁၀)မျိုးနှင့် စပ်လျဉ်း၍ တောင်သူများအား စစ်တမ်းကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီးအတွင်း ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံ (၁၀)မျိုးနှင့်စပ်လျဉ်း၍ တောင်သူများအား စစ်တမ်းကောက်ယူခြင်းလုပ်ငန်းကို တိုင်းဒေသကြီး/ခရိုင်/ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်လျက်ရှိသည်။
Subscribe to