လက်ပံတန်း၌ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကွင်းဆင်း ဆောင်ရွက်

လက်ပံတန်း ဒီဇင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဇော်ဝင်းနှင့်ဝန်ထမ်းများက ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့မရပ်ကွက်သို့ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဇော်ဝင်းက ဆီးချို/သွေးချိုရောဂါသွင်ပြင်နှင့်လက္ခဏာများအကြောင်းနှင့် အတူနေမိသားစု နေထိုင်မှုပုံစံများအကြောင်း ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ဆီးချို သွေးချို လူနာ ၅၆ ဦးနှင့်  အတူနေမိသားစုများအား ကျန်းမာရေးစစ်ဆေးခြင်း၊ လိုအပ်သော ကုသရေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)