မြစ်သားမြို့နယ်တွင်စိုက်ပျိုးထားသည့် ရေမွှေးပန်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကင်းစိန်စျေးကျေးရွာအုပ်စု တကိုယ်တည်း ကွင်းအမှတ် ၄၈၆ ကွင်း၌ ရေမွှေးပန်းစိုက်၍ မိသားစု တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းပြုလုပ်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။