ကန်ကြီးထောင့် အောက်တိုဘာ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ဆောင်းသီးနှံနေကြာ မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် အမှတ် ၂ ရပ်ကွက်ရှိ ဧရာသီရိသုခခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကန်ကြီးထောင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကြည်မိုးက ဆောင်းနေကြာစိုက်ပျိုးမှု လျာထားချက်ပြည့်မှီရေးနှင့် ဆောင်ရွတ်မည့် စိုက်ပျိုးရေးနည်းပညာများနှင့် နေကြာစိုက် တောင်သူများအား ထောက်ပံ့မည့် အခြေအနေများကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့သည်။ ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူးများသို့ အုပ်စုအလိုက် နေကြာမျိုးစေ့များအား တာဝန်ရှိသူအသီးသီးက ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မဇင်(ပြန်/ဆက်)