နောင်ချို အောက်တိုဘာ ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူလင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရပ်/ကျေးနှင့် ဌာနဆိုင်ရာများ ပေါင်းစပ်ဆောင်ရွက်ရမည့်ကိစ္စများကို တစ်ချိန်တည်းဆွေးနွေးညှိနှိုင်းနိုင်စေရန် အစည်းအဝေးကို ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် မိမိဌာနအလိုက် တင်ပြရန်ရှိသည်များအား တင်ပြဆွေးနွေးကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးရဲလင်းဦးက နယ်မြေဒေသလုံခြုံအေးချမ်းမှုရှိစေရန်အတွက် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တက်ရောက်လာကြသော ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ရပ်ရွာအလိုက် ဆောင်ရွက်နေမှုများကိုလည်းကောင်း အသီးသီးဆွေးနွေးတင်ပြခဲ့ကြကြောင်းနှင့် နောင်ချိုမြို့နယ်အနေဖြင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လစဉ်လကုန်ရက်တိုင်း ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)