ရေဦးတွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာ‌ပေးလက်ကမ်းစာစောင်များဖြန့်ဝေ

‌ရေဦး ဒီဇင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်း၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ တို့ဦးဆောင်မှုနှင့်အတူ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊  မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များလိုက်ပါပြီး ယမန်နေ့နံနက် ၇ နာရီက ဗိုလ်အောင်ဇေယျရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်နှင့် မြို့မစည်ပင်သာယာဈေးတို့တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါစာစောင်တွင် ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်အပါအ၀င် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြုမဲပေးနည်း၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ နည်းဥပဒေများ၊ မဲရုံမှူးနှင့်ဒုမဲရုံမှူးတို့၏တာ၀န်များ၊ မဲဆန္ဒရှင်တစ်ဦး၏ လွတ်လပ်စွာ မဲပေးပိုင်ခွင့် စသည့်အကြောင်းအရာများပါ၀င်ကြောင်း သိရသည်။

ရေဦးမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရန် အပိုင်း(၂)တွင်ပါဝင်ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မြို့ပေါ်(၅) ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၂) စုတို့၌ စုစုပေါင်းမဲရုံ (၁၂) ရုံဖြင့် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းသန်း(ပြန်/ဆက်)