ပလောက် ဒီဇင်ဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေးအတွက် ဒီဇင်ဘာ ၁၇ ရက်နေ့ နံနက်က ပလောက်မြို့၊ နယ်မြေမီးသတ်စခန်းမှ မြို့ပေါ်ရပ်ကွက်များ၊ ဗဟိုလမ်းမကြီးလမ်းဆုံ၊ လမ်းခွနှင့် မြို့အဝင်အထွက်ဂိတ်တို့တွင် မီးဘေးအသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် မြို့မီးသတ်ဦးစီးမှူးနှင့် သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များတွင် မော်တော် ဆိုင်ကယ်၊ မော်တော်ကား စီးနင်းမောင်းနှင်သူများ၊ ခရီးသွားလာနေသူများ၊ ဒေသခံပြည်သူများအား မီးသတ်ဦးစီးဌာနမှ ထုတ်ဝေထားသည့် မီးဘေးလုံခြုံရေးပညာပေး လက်ကမ်းစာစောင်များ အသိပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပလောက် (ပြန်/ဆက်)