ပျော်ဘွယ် ဒီဇင်ဘာ ၁၈
ပျော်ဘွယ်မြို့နယ်၌ ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့် အဓိကသီးနှံ (၁၀) မျိုးနှင့် စပ်လျဉ်း၍ ပန်းတိုင်အထွက်နှုန်းရည်မှန်းချက်မရရှိသည့် အကြောင်းအရင်းများကို ဆန်းစစ်လေ့လာနိုင်ရန်အတွက် စစ်တမ်းကောက်ယူခြင်းကို ဒီဇင်ဘာလ ၁၇ ရက် နံနက်ပိုင်းမှ စတင်ကာ သစ်ဆိမ့်ပင်ကျေးရွာတွင် လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။
အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းမရရှိမှုအပေါ် ကွင်းဆင်းစစ်တမ်းကောက်ယူခြင်းကို စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ချောင်းမကြီးအုပ်စု၊ သစ်ဆိမ့်ပင်ကျေးရွာတွင် ကောက်ယူလျက်ရှိရာ ရမည်းသင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် ကြီးကြပ်ရေးအဖွဲ့များက ကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြသည်။
ပျော်ဘွယ်မြို့နယ်တွင် ကွင်းဆင်းစစ်တမ်းကောက်ယူခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဝန်ထမ်း (၁၈) ဦးဖြင့် မြို့နယ်အတွင်း အဓိကသီးနှံများ စိုက်ပျိုးလျက်ရှိသော တောင်သူပေါင်း (၁၈၀၀) ဦးကို စစ်တမ်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)