ကျောက်ဆည်မြို့၌ သီးနှံများ အထွက်နှုန်းမကောင်းရခြင်းအကြောင်းများအား စစ်တမ်းကောက်ယူ

ကျောက်ဆည် ဒီဇင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၌ ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့်သီးနှံများ ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းမကောင်းရခြင်း အကြောင်းအရာများ သိရှိစေရန်ရည်ရွယ်၍  ဒီဇင်ဘာ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင် ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများထံ မြေပြင်ကွင်းဆင်းစိစစ်ချက် စစ်တမ်းကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး၏လမ်းညွှန်ချက်၊ ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးမှူး၏ကြီးကြပ်မှုဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဆောင်၍ ပန်းတိုင်အထွက်နှုန်းသီးနှံ ၇ မျိုးအတွက် တောင်သူ ၁၄၀၀ ဦးအား မြေပြင်ကွင်းဆင်း စစ်တမ်း ကောက်ယူခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)